Live
Home
မြန်မာသတင်း
ဗုံးကွဲမှုနှင့်ပတ်သက်၍ စစ်ကောင်စီ သတင်းလိမ်ထုတ်ပြီး မသက်ဆိုင်သူများကို ဖမ်းဆီးနေ
DVB
·
September 26, 2021

ဗုံးကွဲမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းလိမ်လည်ထုတ်ပြန်ပြီး မသက်ဆိုင်တဲ့ ပြည်သူ တွေကို ဖမ်းဆီးကာ ခံဝန်အတင်းထိုးခိုင်း ခဲ့တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။ 

စက်တင်ဘာ ၂၁ ရက် မနက်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနောက်ဘက်ကမ်း လောင်းလုံးမြို့နယ်၊ သောကြာပြင်ရွာ ဆင်းမင်းရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်ဘေးမှာ မိုင်းပေါက်ပြီး လူသေဆုံးမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွေမှာ စွပ်စွဲဖော်ပြထားတာပါ။

အမှန်တယ်တော့ သောကြာပြင်ရွာက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးအိမ်ဘေးမှာ ပေါက်ကွဲခဲ့တဲ့မိုင်းဟာ အဲဒီ အုပ်ချုပ်‌ရေးမှူးကိုယ်တိုင် PDF တွေရဲ့ တိုက်ခိုက်လာမှာ ကိုစိုးရိမ်တဲ့အတွက် လုံခြုံရေးအရ အိမ်ခြုံစည်းရိုးဘေးမှာထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။

အဲဒီထောင်ထားတဲ့မိုင်းကို အုပ်ချုပ်ရေးမှူးရဲ့ ဇနီးနဲ့ တူမဖြစ်သူတို့က မသိဘဲ အလုပ်ကိစ္စနဲ့ တစ်ခြားရွာကနေ ပြန်လာချိန်မှာ နင်းမိပြီး အသက် ၁၃ နှစ်အရွယ် တူမဖြစ်သူက အဲဒီနေရမှာ တင်သေဆုံးကာ  ​ဇနီးဖြစ်သူကတော့ ပြင်းထန်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေပါတယ်။

အဲဒီမိုင်းကို သောကြာပြင်ရွာနဲ့ တစ်မိုင်ခန့်ကွာဝေးပြီး ဒလန်ခေါင်းဆောင်တွေ ခိုအောင်းနေတဲ့ ခမရ ၁၀၄ တပ်ရင်းကနေ ယူလာတဲ့မိုင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်းမှာ တစ်လမ်းတည်း အတူနေတဲ့သူတစ်ချို့ကိုဖမ်းဆီးကာ   PDF အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ခံဝန်အတင်းထိုးခိုင်းခဲ့တယ်လို့  ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024