Home
မြန်မာသတင်း
မတ္တရာမြို့နယ်ထဲက ကျေးရွာများကို စစ်တပ်ကဝင်ရောက် ပစ္စည်းခိုး၊ ရွာသားများကို ဖမ်းဆီးရိုက်နှက်
DVB
·
September 24, 2021
242588375_164480082518923_4743793984368950946_n
242447290_164480129185585_7000885399608780479_n
242395194_164479812518950_9025520120180886024_n
242262358_164479932518938_6021937012323496467_n
242212519_164479845852280_3637913008101164640_n
242134736_164479749185623_8639832903002094962_n
242062958_164479622518969_3014824678704683033_n
241576480_164480162518915_2111424737650531086_n
241486395_164480205852244_540435637264393890_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၃ ရက် မနေ့မနက်က ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကား ၆ စီးနဲ့လာတဲ့ စစ်သားတွေဟာ မနေ့ မနက်ပိုင်းမှာ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု၊ ကင်းရွာကိုစတင်ရောက်လာခဲ့ပြီး ကျေးရွာအဝင်အထွက်ကို ပိတ်ဆို့ စစ်ဆေးကာ ရွာသားတစ်ချို့ကို နှိပ်စက် ရိုက်နှက်ခဲ့တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

ဒေသခံတယောက်က “ရွာက လူငယ်တချို့ကို ဖမ်းဆီး လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက် စစ်ဆေးတယ်။ နောက်တော့ ပြန်လွှတ်တယ်။ အိမ်တချို့ကိုလည်း ဝင်ပြီး မွှေနှောက်တယ် ဖျက်ဆီးတယ်။ နေ့လယ် ၁၁ နာရီမှာတော့ကျောက်ဆည်လေး၊ တောင်ခေါင်းကို သွားမယ်ဆိုပြီး ထွက်သွားတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ ရွာကထွက်ပြီး တောလမ်းအရောက်မှာ လမ်းကြောင်းပြောင်းပြီး စခန်းသာရွာနားက တဆင့် ရေစိုတောင်ဒေသ တဝိုက် ယာကွက်တဲတွေကို ဝင်ရောက် မွှေနှောက်ရှာဖွေတာ၊ ဖျက်ဆီးသွားတယ်လို့လည်း  ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ဝဠာကိုင်းတောင်ယာတော၊   စာလဲတောတောင်ယာတောနားမှာရှိတဲ့ ကင်းရွာသား ဦးလှတင့်ရဲ့ တောင်ယာတဲကို မွန်းလွဲပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“ညနေ ၃ နာရီကျော်လောက်မှာ သဖန်းကိုင်းရွာကို လမ်းကြောင်း ၃ ခုခွဲပြီး ဝင်လာတယ်။ ရွာက အိမ်တော်တော်များများက အိမ်တွင်း ပစ္စည်းတွေ၊ အိုးခွက်ပန်းကန်တွေကို ဖျက်ဆီးရိုက်ခွဲခဲ့တယ်။ ပြီးတော့ အသုံးဝင်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကို ယူသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တပ်ဟာ အဲဒီရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး အသက် ၄၀ ဝန်းကျင်အရွယ် ကိုဇော်လွင်ကို ဖမ်းဆီး ရိုက်နှက်ပြီး ခေါ်သွားတယ်လို့လည်း သိရပါတယ်။

“ဒီနေ့ မနက် ၆ နာရီမှာ ကျွန်းပင်၊ အုံးလွတ်ရွာဘက်ကို သွားမယ်ဆိုပြီး လမ်းရောက်တော့ ရုံးပင်ရွာဘက်ကိုသွားတယ်။ အဲဒါက ဆန့်ကျင်ဘက်ပဲ။ ပြီးတော့ လမ်းကြောင်းမှာရှိတဲ့ ယာတဲတွေကို ဝင်ပြီး မွှေနှောက်ဖျက်ဆီးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တပ်ဟာ ရုံးပင်၊ ဥမင်၊ ချောင်းပေါက်၊ အထက်တောင်ကိုင်း ကျေးရွာတွေ တလျှောက် မွှေနှောက်ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေ့လယ် ၁ နာရီမှာတော့ ရုံးပင်ရွာမှာ ပြန်စုကြပြီး လာကြိုတဲ့ စစ်ကား ၆ စီးနဲ့  ကျောက်တံတားမြောင်းမကြီးလမ်းအတိုင်း မန္တလေးဘက်ကို ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024