မန္တလေးတိုင်း ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက် မြို့နယ်အားကစားကွင်းဝင်ပေါက်အနီး စက်တင်ဘာလ ၂၁ ရက်ညနေ ၆ နာရီလောက်က ကားတစ်စီးအတွင်း ဗုံးပေါက်ကွဲတဲ့အတွက် အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အသံကတော့ အကျယ်ကြီးပဲ အိမ်တွေတောင်တုန်သွားတယ်။ မီးခိုးလုံးနဲ့ မီးတောက်ကြီး တက်လာတယ်။ ဗုံးသယ်လာတဲ့ ကားတစီးထဲက ဗုံးထပေါက်တာ။ ကားထဲမှာ အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦး ပါလာတယ်။ အမျိုးသား ၁ ဦးကတော့ နေရာမှာတင် သေဆုံးတယ်။ ကျန် ၂ ဦး ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်"
ကားထဲဗုံးပေါက်ကွဲတဲ့အတွက် သေဆုံးသွားသူဟာ Factory zone ဘောလုံးအသင်းပိုင်ရှင် ဦးနိုင်လင်းထွန်း ဖြစ်တယ်ဆိုတာသိရပြီး ပြင်းထန်ဒဏ်ရာရသွားတဲ့ အမျိုးသမီး တစ်ဦး၊ အမျိုးသားတစ်ဦးတို့ ဘယ်သူတွေဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်ပေါက်ကွဲသွားတယ်ဆိုတာ မသိရသေးပါဘူး။