
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာမှာ အန်အယ်လ်ဒီပါတီ အလုပ်မှုဆောင်ဟောင်းတစ်ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးသွားပါတယ်။
အခုမနက်အစောပိုင်း ကြို့ပင်ကျေးရွာမှာရှိတဲ့ ဦးအောင်ထွန်းကို စစ်ကောင်စီက စစ်တပ် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဟုမ္မလင်းမြို့ အန်အယ်လ်ဒီတာဝန်ရှိသူတစ်ဦးက “အခုဖမ်းခံရတဲ့ ဦးအောင်ထွန်းက ဟုမ္မလင်းမြို့နယ် အန်အယ်လ်ဒီပါတီက အလုပ်မှုဆောင်တစ်ဦး ဖြစ်တယ်။ သူက ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က ပါတီကနေ နုတ်ထွက်ခဲ့တယ်။ အခု စစ်ကောင်စီက သူ့ကို ဘာအတွက်ဖမ်းဆီးတယ်ဆိုတာ မသိရဘူး” လို့ ပြောပါတယ်။
ဦးအောင်ထွန်းကို စစ်တပ်က လက်ရှိ ဘယ်မှာဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။