Home
မြန်မာသတင်း
မကွေးတိုင်းတွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ၄ ခု ဖျက်ဆီးခံရ
DVB
·
September 12, 2021
241809928_1175778616249480_7794434490210499805_n
241800154_1175778766249465_415753309153739633_n
241793605_1175778692916139_2618082128833849754_n
241778669_1175778579582817_8611386404099259994_n
241762572_1175778522916156_7044410408902301072_n
241675581_1175778656249476_2552687206926860273_n

မကွေးတိုင်းအတွင်းရှိ စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ၄ ခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၁၁ ရက်ညနဲ့ စက်တင်ဘာ ၁၂ ရက် မနက်စောမှာ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

နတ်မောက်မြို့နယ်အတွင်းက စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် ၂ ခုကို စက်တင်ဘာလ ၁၁ ရက်ညမှာ နတ်မောက်မြို့နယ်၊ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာနဲ့ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာအုပ်စု၊ သပွတ်ပင်ရွာတွေမှာရှိကြတဲ့ မိုင်တဲလ် တာဝါတိုင်က စက်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နတ်မောက်မြို့နယ်၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံတဦးက "သမှုန်းကုန်းကတိုင်က ရွာထဲမှာဖြစ်နေတဲ့အတွက် ဒေသခံတွေလန့်မှာစိုးလို့ အတွင်းကစက်တွေကို ရိုက်နှက်ပြီးတော့ ဖျက်ဆီးခဲ့တယ်။ သပွတ်ပင်ကတိုင်ကိုကရွာနဲ့မနီးလို့ မီးလောင်ဗုံးနဲ့ပစ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာလည်း တောင်တွင်းကြီး ပြည်သူ့ကာကွယ်ရေးတပ် (TDIPDF) က ကုက္ကိုကုန်းကျေးရွာအုပ်စုရှိ မိုင်တဲလ်တာဝါတိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ခံဆီက သိရပါတယ်။

ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ကလည်း ပေါက်မြို့နယ်ထဲက အင်းတိမ်ကျေးရွာအနီးမှာရှိတဲ့ မိုင်တဲလ် တာဝါတိုင်ကို စက်တင်ဘာလ ၁၂ ရက်နေ့မနက်စောက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့တော်လှန်ရေးနေ့စတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ မြို့နယ်တချို့မှာ  စစ်တပ်ပိုင်မိုင်တဲတာဝါတိုင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးနေကြတာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်ကလည်း မကွေးတိုင်း၊ မြို့သစ်မြို့နယ် ပုလင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗိုလ်ဝဲကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလင်ပြားကြီးကျေးရွာ ဒေသခံတဦးက “သူ့ကားနဲ့ မြို့သစ်ကနေ စစ်ကောင်စီ အစည်းအဝေးကနေ ပြန်လာတုန်း လမ်းမှာအပစ်ခံရတာ။ ကားတစီးလုံးကတော့ ကျည်ပေါက်ရာတွေပဲ။ ကားမှန်တွေလည်းမရှိတော့ဘူး။ လူကတော့ ဒဏ်ရာနည်းနည်းရတယ်လို့ သိရတယ်။ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဗိုလ်ဝဲဟာ CRV အမျိုးအစားမော်တော်ယာဉ်နဲ့ မြို့သစ်စစ်ကောင်စီရုံး အစည်းအဝေးကနေအပြန် ရွာရဲ့အနောက်ဘက်အဝင်နားမှာ အပစ်ခံရပြီး ညနေပိုင်းမှာတော့ ပုလင်းပြားကြီး ကျေးရွာကို စစ်ကား ၄ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပုလင်းပြားကြီးကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဒေသခံပြည်သူ ၅ ဦးထက်မနည်းကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024