
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ မန်းကျောင်းအနီးမှာရှိတဲ့ MYTEL TOWER တိုင်စက်ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းက ထပ်မံ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
Mytel တာဝါတိုင်စက် ဖောက်ခွဲဖျက်ဆီးရတာ ဟုတ်မှန်ကြောင်းနဲ့ မနေ့ည ၉ နာရီခွဲလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယင်းမာပင်မြို့နယ်မှာ Mytel တာဝါတိုင်စက် မိုင်းခွဲဖျက်ဆီးခံရတာ စုစုပေါင်း ၃ ခုအထိ ရှိလာပြီဖြစ်ပြီး စက်တင်ဘာ ၄ ရက်က တာဝါတိုင် ၂ ခု ဖျက်ဆီးခံခဲ့ရပြီး စက်တင်ဘာ ၁၀ ရက် ညက နောက်ထပ် ၁ ခု ထပ်မံဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။