Home
မြန်မာသတင်း
မြသလွန်ဘုရားအနီးရှိ စစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာရ
DVB
·
September 11, 2021
239936433_2662003820767729_1265262255023584766_n

မကွေးမြို့ မြသလွန်ဘုရားအောက်ခြေ မြို့ဟောင်းလမ်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်ကို စက်တင်ဘာလ ၁၀ ရက်ညနေ ၄ နာရီခွဲလောက်မှာ လူထုတော်လှန်ရေးအင်အားစု PRA က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ယောက်ဒဏ်ရာရသွားတယ်လို့ PRA က ထုတ်ပြန်ထားပါတယ်။

PRA အနေနဲ့ NUG အစိုးရရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီးတော့ အာဏာသိမ်း စစ်အုပ်စုနဲ့ ဒေါက်တိုင်တွေကို ပြင်းပြင်းထန်ထန် ဖြိုခွင်းသွားမှာဖြစ်ပြီးတော့ ဒေသခံ ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ အဆောက်အုံ၊ ယာဉ်တန်းနဲ့ ကင်းစခန်းတွေကို ရှောင်ဖယ်ကြဖို့ သတိပေးထားပါတယ်။

ပြည်သူလူထုအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ လှုပ်ရှားမှုသတင်းတွေကို PRA ကို ပေးပို့ ကူညီကြဖို့နဲ့ နွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးအင်အားစု PRA အနေနဲ့  ဧပြီ ၂၉ ရက်ကလည်း မကွေးလေတပ် စခန်းဌာနချုပ်ကို (၁၀၇)မမ ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024