မန္တလေးမြို့ အဓိကလမ်းမကြီးဖြစ်တဲ့ ၆၂ လမ်းပေါ်က စည်ပင်ရုံးနားမှာ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက "သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး" စာတန်းကို ချိတ်ဆွဲ ဆန္ဒပြခဲ့ ကြပါတယ်။
NUG အစိုးရက အရေးပေါ်အခြေအနေကြေညာအပြီး မန္တလေးမြို့မှာ စစ်ကောင်စီ တပ်သားတွေ အင်အားအလုံးအရင်းနဲ့ လှည့်လည်တာတွေ ၊ ရပ်ကွက်အတွင်း တစ်အိမ် တက်ဆင်း မေးမြန်းတာတွေ လုပ်နေကြပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ သံချပ်ကာကားတွေ၊ အချုပ်ကား၊ စစ်ကား အပြည့်အစုံနဲ့ မန္တလေး မြို့က အဓိကလမ်းမကြီးတွေဖြစ်တဲ့ ၆၂ လမ်း၊ ၇၈ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်း စတဲ့ လမ်းတွေပေါ် လှည့်နေတာဖြစ်ပါတယ်။
ဒီလို စစ်ကောင်စီတပ်တွေ နေရာအနှံ့မှာ ပုံစံမျိုးစုံ ရှိနေပေမဲ့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြစစ်ကြောင်းတွေဟာ နေ့စဉ်ချီတက်နေပါတယ်။