Home
မြန်မာသတင်း
ချုံခိုတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးဟု မြင်းခြံ Zero ပြောက်ကျားအဖွဲ့ ထုတ်ပြန်
DVB
·
September 10, 2021
241449895_355452339697587_3240009851216003504_n

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ  စက်တင်ဘာ ၉ ရက် ညပိုင်းက သင်ပြွန်းကျေးရွာဘက်ကနေ တည်ပင်ကျေးရွာဘက် စစ်ကား၊ ဆိုင်ကယ်တွေနဲ့ သွားပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို  Zero ပြောက်ကျားတပ်ဖွဲ့က ချုံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလုံခြုံရေး တပ်သားတွေရဲ့ လှုပ်ရှားမှု သတင်းကိုသိရှိပြီး အပြန်လမ်းက စောင့်ဆိုင်းကာ ချုံခိုတိုက်ခိုက်တာလို့ Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ဘက်ကတော့ ကျဆုံးသူမရှိပဲ အောင်မြင်စွာ ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။

ချုံခိုတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024