မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်က မိုင်တဲလ်တာဝါတိုင်တစ်ခု စက်တင်ဘာ ၉ ရက်နေ့ ည ၉ နာရီဝန်းကျင်က ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ညကိုးနာရီလောက်က အသံကြားတာ ပေါက်ကွဲသံ အကျယ်ကြီးပဲ၊ အနီးအနား အိမ်တွေတောင် လာစင်တယ်ပြောတယ်၊ တာဝါတိုင်လည်းပျက်စီးသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ညပိုင်းက အနောက်ပိုင်းရဲစခန်းကနေ သေနတ်ပစ်သံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီ အကြမ်းဖက်အုပ်စုက နေရာအနှံ့မှာ စစ်ဆေးနေပြီး ဒူး၊ တံတောင်က ဒဏ်ရာတွေပါ စစ်ဆေးနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ညနေပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းက မိုင်တဲလ်ရုံး ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။