
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ထဲမှာရှိတဲ့ မိုင်တဲလ် တာဝါတိုင်စက် ၁ ခု စက်တင်ဘာ ၉ ရက် ညပိုင်းက နောက်ထပ်မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
"မနေ့ည ၁၀ နာရီဝန်းကျင်လောက်က ပုပ္ပါကျေးရွာအနီးမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်စက် နောက်ထပ် ၁ ခု မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ မိုင်တဲလ်တာဝါတိုင်တွေ နေ့စဥ်ရက်ဆက်ဆိုသလို ဖျက်ဆီးခံနေရတာဖြစ်ပြီး စက်တင်ဘာ ၇ ရက်ညက ၄ တိုင်၊ စက်တင်ဘာ ၈ ရက်ညက ၁ တိုင်နဲ့ မနေ့ညက ၁ တိုင် စုစုပေါင်း မိုင်တဲလ်တာဝါတိုင် ၆ တိုင် ဖျက်ဆီးခံရပြီးဖြစ်ပါတယ်။