
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ MyTel တာဝါတိုင်စက် ၁ ခု စက်တင်ဘာ ၈ ရက် ညပိုင်းက ထပ်မံ မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
"မနေ့ည ၁၂ နာရီဝန်းကျင်လောက်က မင်းမအနောက်ရွာ အနီးမှာရှိတဲ့ MyTel တာဝါတိုင်စက် မိုင်းခွဲဖျက်ဆီးခံလိုက်ရတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကတော့ သေချာမသိရသေးဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လတ်တလောမှာ မြန်မာတစ်နိုင်ငံလုံးက နေရာတော်တော်များများမှာ MyTel တာဝါတိုင်တွေ ဖျက်ဆီးခံရတာ များလာနေသလို ပုလဲမြို့နယ်အတွင်းမှာကို စက်တင်ဘာ ၇ ရက်ညက ၄ တိုင်ဖျက်ဆီးခံခဲ့ရပြီး စက်တင်ဘာ ၈ ရက်ညကလည်း နောက်ထပ် ၁ တိုင် ထပ်မံဖျက်ဆီးခံရတာကြောင့် ပုလဲမြို့နယ်တစ်မြို့နယ်တည်းတင် ၅ တိုင်အထိ ဖျက်ဆီးခံခဲ့ရပြီး ဖြစ်ပါတယ်။