Home
မြန်မာသတင်း
ရှမ်းကယားနယ်စပ်တွင် တိုက်ပွဲဖြစ်ပြီးနောက် အရပ်သား ၂ ဦး ပစ်သတ်ခံရ
DVB
·
September 9, 2021
239874805_148263000814957_4758525807498590220_n
241513244_148263047481619_840561935198870697_n
240585641_148263077481616_6806466952208598924_n
240041938_148262964148294_5621972756272117061_n

ရှမ်းကယားနယ်စပ် ဖယ်ခုံမြို့နယ်မှာ စက်တင်ဘာလ ၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KNDF၊ PDF ပူးပေါင်းတပ်တို့အကြား ၂၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆိုင်ကယ်စီးလာသူ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲပစ်သတ်သွားတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ပူးချယ်ရွာအဝင်မှာ စစ်ကြောင်းချီနေတဲ့ စစ်ကောင်စီတပ်တွေကို ဖယ်ခုံအခြေစိုက် KNDF နဲ့ PDF တပ်တို့က မနက် ၉ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးကျဆုံးခဲ့ပြီး အဲဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဘက်က ဆိုင်ကယ်စီးလာသူ အရပ်သား ၂ ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ညနေ ၆ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် ရဲစခန်းတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၂ နာရီကျော် ဖြစ်ပွားခဲ့ပေမယ့်  တပ်အင်အား အလုံးအရင်းနဲ့ တပ်စွဲထားတဲ့ ဒီးမော့ဆိုရဲစခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ပါတယ်။

အဆိုပါ ရဲစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း ဖော်ပြပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်မှာ တပ်စွဲထားတဲ့  စစ်ကောင်စည်တပ်ဟာ ကျေရွာအတွင်း ရှိ နေအိမ်တွေကို ဖောက်ထွင်း မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ညကလည်း တိုက်ပွဲတွေဖြစ်ပွားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ကြောင့် ဒေသခံတွေ ညကြီးမင်းကြီးမှာ ထွက်ပြေးနေရသလို ဒီကနေ့ မနက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ဒီးမောဆိုဒေသခံတွေက ပြောပါတယ်။ 

ကရင်နီပြည်နယ်မှာလည်း တိုက်ပွဲကြောင့် စစ်ရှောင်တွေ တနေ့ထက်တနေ့ များပြားလာသလို ၇ ရက်နေ့ ဒီးမော့ဆိုတိုက်ပွဲကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024