ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့်  နယ်စပ်ဖြတ်ကျော် သွားလာမှုတွေကို ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေက လုံခြုံရေးတင်းကျပ်ထားစဉ် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၉ ယောက်  စက်တင်ဘာ ၃ ရက် ည ၉ နာရီလောက်မှာ ဖမ်းဆီးခံရပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ မြောက်ဘက် (၇) မိုင်ခန့်အကွာ (ရွှေကုက္ကိုမြိုင်) ဘက်မှ ထိုင်းနိုင်ငံဘက်ကို စက်လှေနဲ့ ဝင်ရောက်လာကာ ခြေကျင်လျှောက်ပြီးနောက်  အဆင့်ဆင့်နဲ့ကားတစ်စီးနဲ့လာရောက်စဉ်  မဲ့လမတ်မြို့ တောတွင်း တစ်နေရာမှာ ထိုင်းခြေလျင်တပ်၊ ထိုင်းရဲတပ်ဖွဲ့(နရဲစွမ်)တပ်နဲ တခြားဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိသွားပြီး လူကယ်ရီနဲ့ ရွှေ့ပြောင်းအလုပ်သမား တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ဖမ်းဆီးခံရသူ  ၁၉ ဦး ထဲမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၇ ဦးတို့ ပါဝင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမွတ်ပရာကန်နဲ့ တခြားမြို့တွေကို သွားရောက်အလုပ်လုပ်ကြမှာဖြစ်ပါတယ်။

အခုလိုတရားမဝင် ဝင်ရောက်လာဖို့ လမ်းခရီးကုန်ကျငွေ တစ်ဦးလျှင် ထိုင်းဘတ် ၁၆၀၀၀မှ ၂၅၀၀၀ အထိ ပေးရတယ်လို့လည်း သိရပါတယ်။

စစ်အာဏာရှင်ဘေးနဲ့ ကိုဗစ်ရောဂါကပ်ဘေးနှစ်ခုနဲ့ ကြုံတွေ့နေရတဲ့  မြန်မာနိုင်ငံမှာ အလုပ်ရှားပါးမှုကြောင့် မြန်မာရွေ့ပြောင်းလုပ်သားတွေဟာ  မိသားစုစားဝတ်နေရေးအတွက် အခက်ခဲတွေကိုရင်ဆိုင်ပြီး ထိုင်းနိုင်ငံနဲ့ တခြားအိမ်နီးခြင်းနိုင်ငံတွေကို တရားဝင်ရော ၊ တရားမဝင်ပါ ရတဲ့နည်းနဲ့ ကျော်ဖြတ်သွားနေကြတာ ဖြစ်ပါတယ်။.

လက်ရှိဖမ်းဆီးခံရ သူတွေမှာ တော့ ထိုင်းနိုင်ငံထဲ အထောက်အထားလက်မှတ် မရှိဘဲ တရားမဝင်ဝင်ရောက်မှုနဲ့ရော ကိုဗစ် ဥပဒေနဲ့ပါ  ပြစ်ဒဏ်ခံရနိုင်တဲ့ အရေးနဲ့ ကြုံတွေ့နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up