စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ချီပါစုရပ်၊ ဆုတောင်းပြည့်ဘုရားလမ်း ရွှေဘိုရွှေဆိုင်အနီးမှာ ဩဂုတ် ၂၉ ရက် မနက် ၁၁ နာရီလောက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရကာ ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
သေဆုံးသူဟာ ရွှေဘိုမြို့ သရဲကုန်း ခေါ် အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ပန်းရံဆရာ ဦးစိုးတင့်လို့သိရပြီး စစ်ကောင်စီကို သတင်းပေး ဒလန်လုပ်နေသူတစ်ဦးလို့လည်း လူသိများသူ ဖြစ်ပါတယ်။
“သူတို့က ရွှေပေါင်သလား၊ ဝယ်သလား မသိဘူး ၊ ရွှေဘိုရွှေဆိုင်ထဲကထွက်အလာ ဆိုင်ကယ်နဲ့လူက သေနတ်နဲ့သုံးချက်ပစ်သွားတာ။ လဲကျသွားတယ်။ သေဖိုများပါတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
လတ်တလောမှာတော့ အရပ်ဝတ်ရဲတွေက လူစီးကားတွေနဲ့ တမြို့လုံးပတ်နေကြပြီး တချို့နေရာတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။