စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးရဲ့ ရုံးချိန်းတွေကို ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ ရှေ့နေက ပြောပါတယ်။
ဒေါ်မင်းမင်းစိုးက “ရုံးချိန်းက ၂၃ ရက်နဲ့ ၂၄ ရက်ကို ရွှေ့လိုက်တယ်။ ကျန်တာတော့ ဘာမှ မထူးဘူးရှင့်၊ သူတို့ ဒါပဲပြောပါတယ်။ အမေတို့နဲ့ကတော့ အဆက်အသွယ်မရဘူးပေါ့” လို့ ရှေ့နေဖြစ်သူ ဆိုပါတယ်။
အခုလို ရုံးချိန်းတွေ ရွှေ့ဆိုင်းတာကြောင့် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မရပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ပစ္စည်းတွေ ပို့ပေးထားတယ်လို့ ပြောပါတယ်။
“ကြားထဲမှာတော့ ပို့ထားပြီးပါပြီ။ ရှေ့အပတ်တွေတုန်းက ပို့ထားပြီးပါပြီ။ လူကတော့ မတွေ့ရပါဘူး။ ပစ္စည်းတွေကို ဒီအတိုင်း ရဲတွေကတဆင့်ပို့ရတာပါ” လို့ ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဥပဒေပုဒ်မ ၂၅ နဲ့ နှစ်မှု၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ် မ ၅၀၅(ခ)၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃၊ အဂတိလိုက်စားမှုပုဒ်မတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ စွဲဆိုထားသလို နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ် မ ၅၀၅(ခ) နဲ့ စွဲဆိုထားပါတယ်။