Home
မြန်မာသတင်း
မန္တလေးတွင် ကိုဗစ်-၁၉ လူနာနှင့် သံသယလူနာ အယောက် ၂၀ ထပ်မံသေဆုံး
DVB
·
August 14, 2021

မန္တလေးမြို့မှာ ဩဂုတ် ၁၃ ရက်က သံဃာတော် ၁ ပါးအပါအဝင် ကိုဗစ်အတည်ပြုလူနာနဲ့သံသယလူနာ အယောက် ၂၀ သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။ 

မန္တလေးဆေးရုံကြီးရင်ခွဲရုံက ကိုဗစ်လူနာ ၁၀ ဦး၊ မင်္ဂလာဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ မြို့တော်ဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ ချမ်းမြသာစည်ကိုဗစ်စင်တာက ၁ ဦး၊ အရပ်ထဲက ကိုဗစ်လူနာ ၁ ဦးနဲ့ သံသယလူနာ ၆ ဦး သေဆုံးခဲ့တာဖြစ်ပြီး မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုသာန် နဲ့ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ 

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံ ပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပြီး သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ 

မန္တလေးမြို့မှာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင်လက တစ်ရက်ကို ကိုဗစ်လူနာ ၈ဝ ကျော်အထိ သေဆုံးခဲ့ပြီး သြဂုတ်ပထမအပတ်က တရက်ကို ၄၀ လောက်သာ ရှိခဲ့တာကြောင့် သေဆုံးမှု လျော့နည်းလာခဲ့တယ်လို့ မြို့ခံပရဟိတအသင်းဆီက သိရပါတယ်။

Photo - ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေး၊ ပရဟိတဓာရီလူမှုနာမှုကူညီရေးအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024