Home
မြန်မာသတင်း
ရေးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၀၀ ခန့်၊ သေဆုံးသူ ၇၀ နီးပါးရှိလာ
DVB
·
August 6, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သြဂုတ် ၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ်  ၅၂ ဦး တွေ့ရှိပြီးတော့  ၅ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေထံက သိရ ပါတယ်။

အခုဆိုရင် ရေးမြို.  မြို့ပေါ်ရပ်ကွက်နဲ့  ကျေးရွာအားလုံးနီးပါးလောက်မှာ ပိုးတွေ့လူနာနဲ့ သေဆုံးသူတွေကဆက်လက်မြင့်တက်လာနေပြီး ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း  ၈၇၂ ဦးအထိရှိလာသလို  သေဆုံးသူပေါင်းမှာလည်း ယနေ့အထိ  ၆၇ ဦးအထိ ရှိလာနေတာကြောင့် လုံးဝ မထိန်းချုပ်နိုင်ကြသေးဘူးလို့ ပရဟိတသမားတွေက ပြောပါတယ်။

အခုလို သေဆုံးမှုတွေ ဆက်ပြီး မြင့်တက်နေပေမဲ့  ပြည်သူ့ဆေးရုံမှာ အထူးကု သမားတော်တွေမရှိ တာရယ် ဆရာဝန်တွေ မရှိတာကြောင့် အခုရက်ပိုင်းတွေမှာ ကိုဗစ် ရောဂါနဲ့ သေဆုံးမှုက ဆက်လက် မြင့်နေမယ်လို့  ဆိုပါတယ်။

အထူးကုသမားတော်နဲ့ လက်ထောက်ဆရာဝန်တွေ၊ အသက်ရှု စက်ကိရိယာ အထောက်ကူပြု ပစ္စည်းတွေ အလုံလောက်ရှိမယ်ဆိုရင် သေဆုံးမှုနှုန်း လျှော့ချနိုင်မယ်လို့ မြို့ခံပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိကိုဗစ် လူနာတွေကို လူနာစောင့်တွေကပဲ တတ်သလောက် မှတ်သလောက်နဲ့ အောက်ဆီဂျင်တွေ လိုတာထက် ပိုပေးပြီး အခုလို မလိုလားအပ်ဘဲဆိုးကျိုးဖြစ်ပြီး သေဆုံးမှုတွေနဲ့ ပိုပြီး ကြုံလာနေရတာပါ။  ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အများစုဟာ  ရောဂါခံနဲ့ နေအိမ်ဘဲ သေဆုံးနေကြတာဖြစ်ပါတယ်။

ကိုဗစ်စည်းကမ်းကိုမလိုက်နိုင်ဘဲ နေကြတဲ့သူတွေရှိတာကြောင့်လည်း  ကိုဗစ်ပိုး ကူးစက်ခံရထားသူတွေဟာ ရေးမြို့နယ်တခုလုံးနီးပါးလောက် ရောဂါက ပျံ့နှံနေပြီး စိုးရိမ်ဖွယ် ရှိနေပြီလို့ ပရဟိတသမားတွေက ဆိုပါတယ်။

ရေးမြို့နယ်မှာ ယနေ့အထိ    ကိုဗစ်-၁၉ ရောဂါနဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့သူ  ၂၆၂   ဦးရှိ ပြီး နေအိမ်ကို ပြန်ခွင့်ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024