Home
မြန်မာသတင်း
ဝိုင်းမော်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်
DVB
·
August 3, 2021
224106367_129329719379352_1190534796710832525_n
224960006_129329749379349_2347012846237642419_n
Kha La Ra 58

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ဩဂုတ် ၃ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေခံတပ်‌တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ကြား ၄ နာရီကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဝိုင်း‌မော်မြို့နယ်၊ မဒိန်ကျေးရွာ အခြေစိုက် နယ်မြေခံ ခလရ ၅၈ တပ်ကို ဒီမနက် အစောပိုင်းမှာ ကေအိုင်အေက လက်နက်ကြီး လက်နက်ငယ် လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး လေးနာရီကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာလို့ တိုက်ပွဲဖြစ်ပွားရာ အနီးနား ဒေသခံတွေက ဒီဗွီဘီ ကိုပြောပါတယ်။

ဒေသခံတဦးက “ညသန်းခေါင် ၁၂ လောက်ကနေ ဘာသတင်းရလဲမသိဘူး ၅၈ တပ်က လက်နက်ကြီး တစ်ချက် နှစ်ချက် ပစ်နေတာ။ နောက်ပိုင်း မနက် ၁ နာရီကျော်မှာတော့ ကေအိုင်အေတွေ လာပစ်တာ ထင်တယ်။ လက်နက်ကြီး လက်နက်ငယ်အပါ သေနတ်သံတွေနဲ့  အနီးကပ် ပစ်ခတ်ကြတယ်။ မနက် ၃ နာရီကျော်အထိ လက်နက်ကြီးသံတွေ ကြားနေရလို့ တမြို့လုံး လန့်ပြီး သတိထား နားစွင့်နေရတယ်” လို့ ပြောပါတယ်။

အဆိုပါ ပြင်းထန်တိုက်ပွဲကြောင့် အနီးနားက အိမ်တွေ၊ ဆီပန့်ဆိုင်တွေမှာ သေနတ်ကျည်ဆန်တွေ ထိမှန်ခဲ့ပြီး ရွာနဲ့ လမ်းမပေါ်တွေမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် နှစ်ဘက် သေဆုံး ဒဏ်ရာရမှု အခြေအနေမသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် ညကလည်း အဆိုပါ ခလရ ၅၈ တပ်ကို ကေအိုင် တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ တို့က ရှောင်တခင်၀င်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦး သေဆုံး၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024