ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့် ဇူလိုင် ၂၉ ရက်နေ့က ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ည ၈ နာရီကျော်လောက်မှာ အမည်မသိ လူလေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာပြီး နေအိမ်ပေါ်မှာ သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဟုမ္မလင်း ပြည်သူ့အုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူကစစ်ကောင်ခန့်တဲ့ အုပ်ချုပ်ရေးမှူးပါ။ သူ့ကို ညှိနေတာကြာပြီ၊ စစ်ကောင်စီကို သတင်းတွေပေးနေတယ်။ အခုက ဘယ်အဖွဲ့က ပစ်သတ်တယ်ဆိုတာ မသိရသေးဘူး။ သူ့ကို စောင့်ကြည့်နေတာကြာပြီ။ အခုသတ်ခံရသူကို ကျနော်တို့ ဟုမ္မလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကတော့ လုပ်တာမဟုတ်ဘူး။”

နားမော်အုပ်ချုပ်ရေးမှူးအသတ်ခံရတာနဲ့ပတ်သက်ပြီး SNA ဗိုလ်မှူးကြီး စပ်အိုက်က “အသတ်ခံရတာတော့ကြားတယ်၊  အခုချိန်ထိ ကျနော်တို့လူတွေ ဟုတ်မဟုတ်ဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့ရက်ပိုင်းကလည်း ဟုမ္မလင်းမြို့နယ် ပင်းမခေါ်ကျေးရွာအနီးမှာ ရွှေမျှောတွေမှာ ငွေလိုက်တောင်းနေတဲ့ စစ်ကောင်စီ ၂၂၂ တပ်ရင်းက ဗိုလ်ကြီးအဆင့်ရှိသူနဲ့ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်အချို့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up