Home
မြန်မာသတင်း
တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်ခံရသည့် မြန်မာအလုပ်သမား ၁၁၅ ဦး နေရပ်ပြန်
DVB
·
July 30, 2021

တရုတ်နိုင်ငံနယ်စပ် လားယိန်းမြို့မှာ အလုပ်သွားလုပ်နေတဲ့ မြန်မာအလုပ်သမား ၁၁၅  ယောက်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတာကြောင့် အလုပ်ရှင်တွေကနှင်လွှတ်လို့   နေရပ်ပြန်လာခဲ့ရပါ တယ်။

တရုတ်ပြည်ကနေ ပြန်လာတဲ့ အဆိုပါမြန်မာအလုပ်သမား ၁၀၀ ကျော်ကို   နယ်စပ်မြို့ဖြစ်တဲ့ လွယ်ကျယ် ကွာရန်တင်းစင်တာမှာ  ဇူလိုင် ၂၀ ရက်နေ့ကနေ ၂၆ ရက်အထိထားရှိခဲ့ပြီးနောက်  မိုးမောက် အထက ကွာရန်တင်းစင်တာကနေ ဇူလိုင်လ ၃၀ရက်မှာ နေရပ်ပြန်ရတာဖြစ်ပါတယ်။

မိုးမောက်ကွာရင်တင်းစင်တာမှာ အကူအညီပေးနေတဲ့ ဒေသခံတစ်ဦးက "သူတို့တွေက တရုတ်ဘက်မှာ တရားဝင်အလုပ်သွားလုပ်တာ မဟုတ်ဘူး။ ဒီလိုပိုးတွေ့တော့  အလုပ်ရှင်တွေက မောင်းထုတ်တာ။ တချို့ဆို လုပ်ခမရပဲပြန်ခဲ့ရတာ"လို့  ပြောပါတယ်။

အလုပ်သမားတွေ  မိုးမောက်ကနေ နေရပ်ပြန်ဖို့အတွက်တော့ အမျိုးသမီးကွန်ရက်နဲ့  Even Green လူမှုရေးအဖွဲ့တွေက ပံ့ပိုကူညီပေးနေပါတယ်။

တရုတ်-မြန်မာ ကျယ်ဂေါင်၊ ရွှေလီမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတို့ ညှိနှိုင်းပြီး တရားဝင်ဂိတ်ပေါက်ဖြစ်တဲ့ နန်းတော်ပေါက် ကနေ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ကစတင် ပြန်ဝင်ခွင့် ပြုထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024