Home
မြန်မာသတင်း
မကွေးမြို့နယ်၌ ပြည်သူများကို ပရဟိတအဖွဲ့က အခြေခံစားသောက်ကုန်များထောက်ပံ့
DVB
·
July 27, 2021
203025192_2630898810544897_554295725246867073_n
184846200_2630898930544885_3840347325238665110_n
222664322_2630898370544941_3348921632629923150_n
215887160_2630898737211571_3899982983964246008_n
207166202_2630898870544891_9150902519204892549_n

မကွေးမြို့နယ်ထဲမှာ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ကျေးလက်မြေပရဟိတအဖွဲ့က ဦးဆောင်ပြီးတော့ စားဝတ်နေရေးအခက်ခဲဖြစ်နေတဲ့ ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ ထောက်ပံပေးခဲ့ပါတယ်။

မကွေးမြို့နယ် ကြာကန်ကျေးရွာက စားဝတ်နေရေး အခက်တွေ့နေတဲ့ ပြည်သူတွေကို ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ဒီနေ့ မနက်ပိုင်းမှာ ဆန် ၄ ပြည် ၊ ဆီ ၅၀ သားနဲ့ ကြက်ဥ ၅ လုံးစီထောက်ပံ့ပေးခဲ့တာလို့ ကျေးလက်မြေပရဟိတအဖွဲ့ ဦးဆောင်သူ ကိုဇော်မင်းထိုက်က ပြောပါတယ်။

အဖွဲ့အနေနဲ့ မကွေးမြို့နယ်ထဲမှာသာမက မကွေးတိုင်းအတွင်းက အခက်ခဲကြုံတဲ့နေရာတွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ စစ်အာဏာသိမ်းပြီးကတည်းက အခြေခံစားသောက်ကုန်တွေနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

ကျေးလက်မြေပရဟိတအဖွဲ့ဟာ မကွေးမြို့နယ်ထဲက နွေရာသီ သောက်သုံးရေ အရရှိရေးအတွက်လည်း အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ရေတွင်းတူဖော်ပေးတာတွေ ၊သောက်သုံးရေ လှူဒါန်းတာတွေကို စဥ်ဆက်မပြတ် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024