မတ္တရာမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရပြီးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြစ်ကမ်းအုပ်စု၊ မြို့ဒင်ကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက်  ဇူလိုင် ၂၆ ရက် မနက် ၁၀ နာရီလောက်က ဓားထိုးခံရပြီးသေဆုံးသွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ မြစ်ကမ်းအုပ်စုအုပ်ချုပ်ရေမှူး ဦးဝင်းဆွေဆိုသူဖြစ်ပြီး မြစ်ကမ်းကျေးရွာနဲ့ မြို့ဒင်ကျေးရွာအကြား သဲဖြူချောင်းအတက်နားမှာ ရင်ဝဓားတန်းလန်းနဲ့ သေဆုံးနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူးဟာ ဇွန်လ ၂၆ ရက်နေ့က သူတာဝန်ယူထားတဲ့ ကျေးရွာအုပ်စုအတွင်းက ရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက် တပ်စွဲစဉ်က ကူညီခဲ့သူဖြစ်ပြီး ရွာလာ ရောက်ခိုလှုံတဲ့ CDM ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးလည်း စစ်ကောင်စီကို သတင်းပေးနေသူဖြစ်တယ်လို့  ဒေသခံတွေကပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပထမဆုံးအသတ်ခံရတာ ဖြစ်ပါတယ်။

More News
Up