Home
မြန်မာသတင်း
တောင်တွင်းကြီး အုပ်ချုပ်ရေးမှူးရုံးများတွင် ဝင်ထွက်ခွင့်ကတ်အတွက် ငွေကြေးကောက်ခံနေ
DVB
·
July 24, 2021

တောင်တွင်းကြီးမြို့မှာ စျေးဝယ်ကတ်လို့ခေါ်တဲ့ ဝင်ထွက်ခွင့်ကတ်တွေကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေက ထုတ်ပေးရာမှာ ငွေကြေးကောက်ခံမှုအချို့ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ ခင်တဲကျေးရွာနေ ပြည်သူတစ်ဦးက ''အုပ်ချုပ်ရေးမှူးရုံးကို ဝင်ထွက်ကတ် သွားယူတာ လူတွေများ ပုံလို့ အလှူပေးနေသလားပဲ။ ရောဂါပိုးက အဲဒီကနေကို ကူးကုန်လောက်ပြီ။ တအိမ်ကို ၁ ရွက်ပေးပြီး စရိတ်တဲ့ ၅၀၀ ပေးရတယ်။ တချို့အိမ်တွေဆိုရင် ၂ ရွက် ၃ ရွက်ရကြတယ်။ စစ်ကောင်စီကခန့်တဲ့သူတွေဆိုတော့ လုပ်ချင်တာလုပ်နေကြတာဗျာ။ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ကာလကြီးကို ပူပူမှုတ်စားချင်ကြသေးတယ်” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်ထဲ တချို့ကျေးရွာတွေမှာ ဝင်ထွက်ခွင့်ကတ် ၁ ရွက်ကို ၁၀၀၀ အထိပေးရကြောင်းနဲ့ မြို့ဝင်ထွက်ဂိတ်တွေမှာ စောင့်တဲ့ စစ်သားနဲ့ ရဲတွေကလည်း ကားသမားတွေဆီကနေ ငွေတောင်းခံမှုတွေ ရှိနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024