Home
မြန်မာသတင်း
ရေဦးမြို့ကပြည်သူများ ကျပ်သိန်း ၁၀၀၀ တန်အောက်ဆီဂျင်စက် ကိုယ်ထူကိုယ်ထ ဝယ်ယူတပ်ဆင်
DVB
·
July 22, 2021
219118121_1173752203101164_2499974923010946344_n

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်မှု ဖြည့်တင်းနိုင်ဖို့ မြို့နယ်သူ၊မြို့နယ်သားတွေ စုပေါင်းလှူဒါန်းမှုနဲ့ ကျပ်သိန်း ၁၀၀၀ ကျော်တန်  အောက်ဆီဂျင်စက်တစ်လုံး ဇူလိုင်လ ၂၂ ရက်နေ့က မှာယူပြီးပြီလို့  စက်ရုံဖြစ်မြောက်ရေးကော်မတီကနေ သိရပါတယ်။

“အားလုံးက စေတနာထက်သန်ကြတယ်။ ကိုယ့်မြို့နယ်မှာကလည်း ကိုဗစ်တတိယလှိုင်းက တော်တော်ရိုက်ခတ်ခံရတယ်။ အောက်ဆီဂျင်စက်တလုံးက မရှိမဖြစ်လိုအပ်လို့ စီစဉ်လိုက်တာ” လို့  အောက်စီဂျင်ဖြစ်မြောက်ရေးကော်မတီဝင် ‌ဦးအောင်မြင့်သောင်းက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်ကစပြီး အောက်ဆီဂျင်စက် ကိုယ်ထူကိုယ်ထ ဝယ်ဖို့အလှူခံရာမှာ ဇူလိုင် ၂၁ ရက်အထိ မြို့နယ်သူ၊မြို့နယ်သားတွေစုပေါင်းလှူကြတာ ၈ ရက်အတွင်း ကျပ်သိန်း  ၂၀၀၀၀ ကျော် ရရှိထားပါတယ်။

လက်ရှိမှာ ရေဦးမြို့ဆေးရုံအတွက် တရက်ကို ၄၀ လီတာ အိုး ၁၇ လုံးကနေ ၂၀ လုံးသာ အောက်စီဂျင်ခွဲတမ်းကို မန္တလေးက ယူနေရတာဖြစ်လို့ အောက်ဆီဂျင်လိုအပ်မှု ရှိနေတာပါ။

တရက်ကို ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၂၀   ထုတ်လုပ်နိုင်မယ့် အောက်ဆီဂျင်စက် တပ်ဆင်ဖို့ မှာယူထားတာဖြစ်ကာ အမေရိကန် ဒေါ်လာ ၆၀၀၀၀ မြန်မာငွေ ကျပ် သိန်း ၁၀၀၀ ဝန်းကျင် လောက် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

အောက်ဆီဂျင်စက်ကို ဩဂုတ်လ လယ်ပိုင်းမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး လတ်တလော အောက်ဆီဂျင်လိုအပ်ချက်ကို ခွဲတမ်းရတာနဲ့ လူမှုကူညီ‌ရေးအသင်းတွေက ဝိုင်းဝန်းဆောင်ရွက်နေကြရတယ်လို့ ဆိုပါတယ်။ 

ရေဦးမြို့နယ်အတွင်းမှာ ဇူလိုင် ၂၂ ရက်နေ့ စာရင်းအရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၄ ဦးအထိရှိခဲ့ပြီး၊ ဒီနေ့မှာတော့ ရောဂါသက်သာပျောက်ကင်းလို့ ၄၃ ဦးကို ဆေးရုံကဆင်းခွင့်ပြုကာ ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

လက်ရှိ ဆေးရုံကုသဆောင်မှာ ကိုဗစ်အတည်ပြုလူနာ ၉၉ ဦး ကုသပေးနေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024