မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်ရဲ့ ဇနီး၊ သား နဲ့ သမီးတို့ကို ဇူလိုင် ၂၀ ရက်နေ့က စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဦးကျော်စိုးနိုင်ရဲ့ ဇနီး၊ သားနဲ့ သမီးတို့ဟာ တိမ်းရှောင်နေတဲ့ မြစ်သားဘက်မှာ ဖမ်းခံရတာဖြစ်ပြီး ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို မိသားစုဝင်တွေ မသိသေးဘူး လို့ ဆိုပါတယ်။
ငါန်းဇွန်မြို့နယ် ဒေသခံတစ်ဦးက “မနေ့က မနက်ပိုင်းက ကိုကျော်စိုးနိုင်ကို ရှာတာ။ ကိုကျော်စိုးနိုင်ကို မတွေ့တော့ ဆယ်နာရီလောက်မှာ သူ့ရဲ့ မိန်းမ၊ သား နဲ့ သမီး ကို ဖမ်းသွားတာပဲ” လို့ ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဦးကျော်စိုးနိုင်ရဲ့ သားမှာ ဒုတိနှစ်ကျောင်းသားဖြစ်ပြီး သမီးကတော့ ရှစ်တန်းကျောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။