မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာက ပြည်သူတစ်ယောက်ကို ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူးတွေနဲ့ ဒလန်တွေက လက်နက်ရှိတယ်ဆိုပြိး မဟုတ်မမှန်သတင်းပေးတာကြောင့် ညနေ ၃ နာရီလောက်မှာ ကျောင်းတော်ရာကျေးရွာ ရတနာပုံရပ်ကွက်က ဦးမြင့်စိန်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သမင်ခြံကျေးရွာမှာလည်း တစ်အိမ်တက်ဆင်း မွှေနှောက်ရှာဖွေတာတွေ ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။
ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းပါတွေရဲ့ မဟုတ်မမှန်သတင်းပေးတာတွေကြောင့် ဒေသခံပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေရတယ်လို့ သိရပါတယ်။