Home
မြန်မာသတင်း
မကွေးမြို့နယ်က CDM ကျောင်းဆရာ ၁ ဦး ဖမ်းဆီးခံရ
DVB
·
July 19, 2021
219342158_1139031689924173_6661565032187076286_n

မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ပုဂံမျှော်ကျေးရွာက အာဏာဖီဆန်ရေး (CDM) ပြုလုပ်နေတဲ့ ကျောင်းဆရာ ကိုဖြိုးအောင်ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုတွေက ပြောပါတယ်။

မိသားစုဝင်တစ်ဦးက “မကွေးဘက်က သူ့မိတ်ဆွေဆီသွားမယ်ဆိုပြီး ထွက်သွားပြီး ကံပြားမှာ အဖမ်းခံရတာ။ သူက CDM လုပ်ထားတာဆိုတော့ သူသွားလာတာကို စောင့်ကြည့်နေတဲ့ ဒလန်က ဘယ်လိုသတင်းပေးလိုက်တာလည်း မသိပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကိုဖြိုးအောင်ကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုက စိတ်ပူနေကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မကွေးတိုင်း ၂၅ မြို့နယ်မှာ အာဏာဖီဆန်ရေး CDM မှာပါဝင်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရသူပေါင်း ၃၀ ဝန်းကျင်လောက် ရှိတယ်လို့ ရှေ့နေအဝိုင်းအဝန်းဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024