မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၆ လမ်း နဲ့ ၆၇ လမ်းကြား ၁၀၅ လမ်းနဲ့ ၁၀၆ လမ်းကြားက တိုက်ခန်းတစ်ခုမှာ လူငယ်တချို့ကို PDF အဖွဲ့ကဆိုပြီး ဇူလိုက် ၁၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်တာတွေပါ ရှိခဲ့တယ်လို့ အနီးပတ်ဝန်းရှိ လူတချို့ က ပြောပါတယ်။
"သတင်းရလို့ဆိုပြီး ဝင်ဖမ်းကြတယ်လို့ပြောတယ်။ သေနတ်သံတော့ ကြားလိုက်ရတယ်။ လမ်းလေးဘက်လေးလံကို ပိတ်ပြီးကို ဝင်ဖမ်းတာ။ အင်အားတော်တော်များတယ်။ ဖမ်းခံရတာ လူငယ်တွေ ငါးယောက် ခြောက်ယောက်လောက်တော့ရှိမယ်။”
ဒါ့အပြင် လူငယ်တွေနဲ့အတူ လက်နက်တချို့လည်း သိမ်းဆည်းသွားပြီး ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တာကြောင့် ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။