ကလေးမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၇ ဦးနှင့် PDF ဘက်က ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇူလိုင် ၁၅ ရက်က တိုက်ပွဲဖြစ်ပွားတာကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်က ၁၇ ဦး သေဆုံးပြီး ကလေးမြို့ PDF တပ်ဖွဲ့က ၂ ဦး ကျဆုံးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့နယ်တောင်ပိုင်း တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်နဲ့ အရှေ့စည်းရွာတွေကို အကြမ်းဖက် ဝင်ရောက်စီးနင်းတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာလို့ PDF   တပ်ဖွဲ့က ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ  ဇူလိုင် ၁၅ ရက် မနက် ၁၀ နာရီ ဝန်းကျင်လောက်ကစတင်ပြီး ညနေ ၇ နာရီခွဲလောက်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ ၂ ဦးလည်း စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်ဖူးနဲ့ အရှေ့စည်းရွာတွေမှာ တပ်စွဲထားဆဲဖြစ်ပြီး အနီးဝန်းကျင်နယ်မြေက ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ၊ သတိရှိစွာနဲ့ သွားလာနေထိုင်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်ဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up