ကယားပြည်နယ် လွိုင်ကော်အပြင် ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေမှာ ဇူလိုင်လ ၁၀ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦး ထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးဌာနဆီက သိရပါတယ်။
လွိုင်ကော်ဆေးရုံကြီးမှာ ၁၂ ဦး စစ်ဆေးရာမှာ ၃ ဦး ပိုးတွေ့ရှိသလို၊ ဘောလခဲမြို့နယ်ဆေးရုံမှာ ၈ ဦးစစ်ဆေးရာမှာ ၄ ဦးပိုးတွေ့ရှိခဲ့ပြီး ဖားဆောင်းမြို့နယ်ဆေးရုံမှာ ၂ ဦးစစ်ဆေးရာမှာ ၁ ဦး ပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီကနေ့ ပိုးတွေ့ရှိသူတွေဟာ ခရီးသွားရာဇဝင်မရှိဘဲ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်တာကြောင့် ထပ်မံကူးစက်ခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ လက်ရှိ ကိုဗစ်လူနာ ၄၈ ဦး နဲ့ သေဆုံးသူ ၂ ဦး၊ ဘောလခဲပြည်သူဆေးရုံမှာ ၄ ဦးနဲ့ ဖားဆောင်းမှာ ၁ ဦးတွေ့ရှိပြီး ဆေးကုသမှုခံယူနေပါတယ်။