မကွေးမြို့မှာ စစ်ကောင်စီရဲ့ ဝန်ထမ်းမိသားစုဝင် အယောက် ၆၀ အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၇ ယောက်ထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေကနေသိရပါတယ်။
ကိုဗစ်-၁၉ သံသယလူနာတွေကို သီတဂူ မျက်စိဆေးရုံ ကိုဗစ်စစ်ဆေးရေးစင်တာမှာ စစ်ဆေးပေးခဲ့ရာ စစ်ကောင်စီရဲ့ ဝန်ထမ်းမိသားစု ၆၀ အပါဝင် တခြားဌာနက ဝန်ထမ်းမိသားစုတွေနဲ့ ရပ်ကွက်အသီးသီးကနေ့ အတည်ပြုလူနာ ၁၁၇ ယောက်ထိ တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
အဲဒီအတည်ပြုလူနာတွေကို ပရဟိတအဖွဲ့ ၃ ဖွဲ့က လူနာတင်ယာဥ်တွေနဲ့ မကွေးတိုင်းဆေးရုံကြီး ၅ ထပ်ဆောင်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆေးရုံမှာလည်း သောက်ရမဲ့ဆေးတွေကို ပြည်သူ့အစိုးရ လက်ထက်ကလို အလကားမပေးတော့ဘဲ ဝယ်သောက်နေရပြီး ထမင်းအလှူရှင်တွေလည်း မရှိတာကြောင့် မိမိနေအိမ်ကနေ ပို့ပေးနေရတယ်လို့ သိရပါတယ်။