
စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ မကျီးတောလမ်းထိပ် ကြာပန်းအဝိုင်းအနီးမှာ ဇူလိုင် ၇ ရက်ည ၁၀ နာရီလောက်က ကင်းလှည့်ရဲကားတစ်စီးကို အမည်မသိ အဖွဲ့တစ်ခုက မိုင်းခွဲတိုက်ခိုက်ရာ ရဲတပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ရဲတွေက PAJERO 4 W နဲ့ ကင်းလှည့်နေတုန်း မိုင်းခွဲတိုက်ခိုက်ခံရတော့ ကားကပျက်သွားတယ်။ ဘီးလည်းပေါက်သွားတယ်။ ကားရပ်သွားတော့ တူမီးနဲ့ ဝိုင်းပစ်တာပါ။ လူ ၅ ဦးလောက်က သံလမ်းတာရိုးကို အပေါ်စီးရယူပြီး ပစ်ခတ်သွားတာ” လို့ ပြောပါတယ်။
နာရီဝက်ခန့်ကြာတဲ့ ဒီတိုက်ပွဲမှာ ရဲတပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကာ အမည်မသိ အဖွဲ့ဘက်ကလည်း တစ်ဦးကျဆုံးသွားတယ်လို့ သိရပါတယ်။