ပခုက္ကူမြို့တွင် ဗုံးပါက်ကွဲမှုကြောင့် ၃ ဦး ဒဏ်ရာရ
DVB
·
July 6, 2021

ပခုက္ကူမြို့ အမှတ် ၉ ရပ်ကွက်၊ ကမ်းနားလမ်းမှာ ဇူလိုင် ၅ ရက်နေ့ည ၇ နာရီခွဲလောက်က ဗုံး ၁ လုံးပေါက်ကွဲတာကြောင့် ၃ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒေသခံတစ်ဦးက “ပြည်သူ ၃ ယောက်ထိသွားတယ်။ လက်မောင်း ၁ ယောက် ထိတယ်။ နောက်ကျောကို ၁ ယောက်ထိတယ်။ နောက်တယောက်ကတော့ လက်ကို ထိသွားတာ။ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
ပြည်သူတွေ ရှိနေတဲ့နေရာကို ဗုံးပစ်ပေါက်သူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။