စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မြောက်ပိတောက်ကုန်းကျေးရွာက ပျူစောထီးအဖွဲ့ဝင် ၂ ဦး ဇူလိုင် ၅ ရက် ညနေ ၃ နာရီခွဲမှာ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ညနေ ၃ နာရီခွဲလောက်က အပစ်ခံရတယ်ဗျ။ တစ်ယောက်က အရင်ကလည်း အုပ်ချုပ်ရေးမှူးပါ။ အမည်က ကိုကျော်နိုင်တဲ့။ သူကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးသွားတယ်။ တစ်ယောက်က ဘိုနုတဲ့၊ သူကတော့မသေဘူး။ ဒဏ်ရာပြင်းထန်တယ်။ အခုပုလဲမြိုဆေးရုံမှာ ကုသမှုခံယူနေတယ်။ နှစ်ယောက်စလုံး ပျူစောထီးအဖွဲ့ဝင်တွေလို့ အနီးကျေးရွာတွေမှာ အမည်ကျော်ကြားနေတဲသူတွေပဲ” လို့ ပြောပါတယ်။
ပုလဲမြို့နယ်မှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ အများအပြားအသတ်ခံနေရတယ်လို့ သိရပါတယ်။