မန္တလေးမြို့က ဖက်ရှင်စတိုးဆိုင်တစ်ခုတွင် လူသတ်မှုဖြစ်
DVB
·
July 4, 2021
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၃၂ လမ်း၊ ၇၇ လမ်း နဲ့ ၇၈ လမ်းကြားရှိ ဖက်ရှင်စတိုးဆိုင်တစ်ခုမှာ ဇူလိုင် ၄ ရက် မနက် ၁၁ နာရီအချိန်လောက်က လူသတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူမှာ အမျိုးသားဖြစ်ပြီး ကိုယ်ပေါ်မှာ ထိုးသွင်းဒဏ်ရာတွေ တွေ့ရပြီး အဲ့ဒီဒဏ်ရာတွေနဲ့ သေဆုံးတာလို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။
သေဆုံးသူရဲ့ အနီးမှာ ဓား၊ ကတ်ကြေးတို့တွေ့ရပြီး ပစ္စည်းပျောက်ဆုံးတာ မရှိဘူးလို့ သိရပါတယ်။