Home
မြန်မာသတင်း
သထုံမြို့နယ်၌ လသားအရွယ်ကလေးအပါအဝင် ၂၇ ဦး ကို‌‌ဗစ်ပိုးတွေ့ရှိ
DVB
·
July 3, 2021
204119987_1646053242392271_1424638782856202671_n

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဇူလိုင် ၃ ရက်နေ့က ကို‌‌ဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ကို‌ဗစ်အရေး ကူညီဆောင်ရွက်နေသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်တည်ပြုလူနာတွေထဲမှာ ၁ ခွဲလအရွယ် ကလေးငယ်တစ်ဦး ပါဝင်လာခဲ့ပါတယ်။

ရောဂါပိုးတွေ့ရှိသူတွေဟာ ကိုဗစ်အတည်ပြုလူနာနဲ့ အဓိက ‌ထိတွေ့ထားတဲ့ အများစုမှာ ကိုဗစ်ပိုး ထပ်မံကူးစက်ခံခဲ့ရတာဖြစ်ပြီ ကျန်လူနာအချို့က အနံ့ပျောက်ပြီး ရောဂါ ရှိ မရှိလာ ရောက် စစ်ဆေးသူတွေ ဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိသူ ၂၇ ဦးအနက်  ၁၃ ဦးဟာ သထုံမြို့နယ် ပေါ်တော်မူကျေးရွာနေသူတွေဖြစ်ပြီး ကျန် ၁၄ ဦးကတော့ သထုံမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်အသီးသီးမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

သထုံမြို့နယ်မှာတော့ ဇူလိုင် ၃  ရက် အထိ ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်ရှိပြီး  အဲဒီထဲမှာ ၂ ဦး သေဆုံးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024