Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ‌၁ ဦး ထပ်မံ သေဆုံး
DVB
·
July 2, 2021
202119536_1645208655810063_1939341161591753705_n

မွန်ပြည်နယ်၊‌ မော်လမြိုင်မြို့မှာ ကိုဗစ်-၁၉ အတည်ပြု လူနာ  အမျိုးသမီး ၁ ဦး ဇူလိုင် ၁  ရက် ညပိုင်းမှာ ထပ်မံ သေဆုံးသွားခဲ့တယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြု လူနာဟာ မော်လမြိုင်  ကျွဲခြံကုန်းရပ်နေ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီးဖြစ်ပြီး မော်လမြိုင်ဆေးရုံမှာ တက်ရာက်ကုသစဉ် သေဆုံးခဲ့တာပါ။

မွန်ပြည်နယ်မှာ ဇွန်လ နောက်ဆုံးအပတ်ကစပြီး ကိုဗစ်အတည်ပြုလူနာ‌တွေ နေ့စဉ်နဲ့အမျှ သေဆုံးနေတာ ဖြစ်ပြီး ဇူလိုင် ၂ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၁၀ ဦး သေဆုံးထားပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာ အများစုဟာ ပင်ကိုယ်ရောဂါအခံတွေ ဖြစ်တဲ့ ဆီးချို၊ သွေးတိုရောဂါ အခံရှိသူ အများဆုံး ပါဝင်နေတာပါ။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၂ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ‌၅၀၀ ကျော်ထိ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ၁၀ ဦး သေဆုံးထားပြီး ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024