မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၁ ဦး ဇွန် ၃၀ ရက်ညပိုင်းမှာ ထပ်မံ သေဆုံးသွားခဲ့တာကြောင့် အခုဆို ကိုဗစ်ကြောင့် သေဆုံးသူ ၉ ဦးထိရှိလာပြီဖြစ်တယ်လို့ ကိုဗစ်အရေးကူညီဆောင်ရွက်နေသူက ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာဟာ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်နေ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး မော်လမြိုင်ဆေးရုံမှာ တက်ရောက်ကုသစဉ် သေဆုံးခဲ့ တာပါ။
မွန်ပြည်နယ်မှာ ဇူလိုင် ၁ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၄၀၀ ကျော်ထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ၉ ဦး သေဆုံးထားပြီး ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာ အများစုဟာ ပင်ကိုယ်ရောဂါအခံတွေ ဖြစ်တဲ့ ဆီချို၊ သွေးတိုးရောဂါ အခံရှိသူ အများဆုံး ပါဝင်နေတာပါ။