သြစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်ကို စစ်ကောင်စီက တရားရုံးထုတ်စစ်ဆေးခြင်းမရှိသေး

သြစတြေးလျ စီးပွားရေးပညာရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် မစ္စတာ ရှောင်တာနယ်လ်ကို ဖေဖော်ဝါရီလ စစ်တပ်အာဏာစသိမ်းချိန်ကတည်းက ဖမ်းဆီးထားပြီး ခုချိန်ထိ သူ့ကို  တရားရုံးမှာ အမှုစစ်ဆေးစီရင် နိုင်ခြင်းမရှိသေးပါဘူး။ 

မစ္စတာ ရှောင်တာနယ်လ်ကို ဖေဖော်ဝါရီ ၆ ရက်ကတည်းက ဖမ်းဆီးထားပြီးကတည်းက လူမြင်ကွင်းမှာ ပေါ်မလာသေးပဲ ဇွန် ၂၃ ရက်နေ့ တရားရုံးကြားနာမှုမှာ တက်ရောက်လာတာလည်း မတွေ့ရပါဘူး။ သူ့ကို စွပ်စွဲထားတဲ့ပြစ်မှုတွေနဲ့ တခြားသူတွေရဲ့ပြစ်မှုတွေကို တိကျတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း စစ်ကောင်စီက လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ သြစတြေးလျပညာရှင်ဟာ လျှို့ဝှက် နိုင်ငံ့ဘဏ္ဍာရေး သတင်းအချက်အလက်တွေကို ရယူခဲ့ပြီး နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ အစိုးရထုတ်ပြန်ချက်ကို ကိုးကားပြီး မြန်မာနိုင်ငံရဲ့ ရုပ်မြင်သံကြားကနေ လွှင့်သွားပါတယ်။ 

“မီးလျှံနဂါးများ- မြန်မာနိုင်ငံရှိ ဘဏ်များ၊ ငွေချေးငှားသူများနဲ့ အသေးစားချေးငွေလုပ်ငန်း” ဆိုတဲ့စာအုပ်ကို ရေးသားသူ  ရှောင်တာနယ်လ်ဟာ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးကာလ နောက်ပိုင်း ၂၀၁၅ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရ အာဏာရပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးဖြစ်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့အကြံပေး ရှောင်တာနယ်လ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ၃ ယောက်တို့ကို ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်များ ဥပဒေနဲ့ တရားစွဲထားတာပါ။ 

သြစတြေးလျနိုင်ငံခြားရေး၀န်ကြီးကတော့ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အမှုစစ်ဆေးခြင်းအတွက် တောင်းဆိုထားပြီး  ဩစတေးလျအစိုးရအနေနဲ့ ပါမောက္ခ ရှောင်တာနယ်လ်ကို မတရား ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကို ယုံကြည်ထားပြီး သူ အဖမ်းခံထားရကတည်းက လွတ်မြောက်ဖို့ အစဉ်တစိုက်တောင်းဆိုနေပါတယ်။ 

ပြီးခဲ့တဲ့အပတ်တုန်းက သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့က ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ရေတပ် ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂျွန်စတန်က မစ္စတာ ရှောင်တာနယ်လ်နဲ့  မြန်မာစစ်တပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဆက်သွယ် စကားပြောခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up