Home
မြန်မာသတင်း
မော်လမြိုင်တက္ကသိုလ် ပါချုပ်နှင့် ဒုပါချုပ်များကို အရေးယူ‌ပေးရန် တိုင်ကြား
DVB
·
June 24, 2021
199294284_1638888426442086_5227989904281535693_n

မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်တွေကို အရေးယူ‌ပေးဖို့  အမျိုးသား ညီညွတ်ရေးအစိုးရကို မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ဇွန်လ ၂၃ ရက်နေ့မှာ တိုင်ကြားလိုက်ပါတယ်။

ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်တွေဟာ မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ ကိစ္စကို သတင်းအမှောင်ချတာ၊ ပေါ့လျော့စွာ ကိုင်တွယ်ခဲ့တဲ့အတွက် ပြည်နယ်တခုလုံး ရောဂါပိုး ပျံ့နှံ့သွားနိုင်တဲ့ အနေအထား ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါအပြင် မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၄ ဦးထိ တွေ့ရှိခဲ့မှုကို ကျောင်းမပိတ်ဘဲ ဇွန်လ ၂၂ ရက်ကစပြီး စာမေးပွဲ ဖြေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တာဝန်ပေါ့လျော့စွာ ဆောင်ရွက်ခဲ့တဲ့ ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန် အပါအဝင် ဒုတိယ ပါမောက္ခချုပ်တွေ ဖြစ်တဲ့ ဒေါက်တာခိုင်ခိုင်စန်း၊ ဒေါက်တာသီတာမြင့်နဲ့ ‌ဒေါက်တာမာလာအောင်တို့ကို အရေးယူရးဖို့ တိုင်ကြားခဲ့တာပါ။

မော်လမြိုင်တက္ကသိုလ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့နေမှုအား သတင်း အမှောင်ချထားမှုအပေါ်မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂအဖွဲ့ကလည်း ဇွန်လ ၁၉ ရက်နေ့မှာ ဝေဖန်ရှုတ်ချထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024