မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးရွာမှာ ရေခဲချောင်းရောင်းတဲ့ လူငယ်တစ်ယောက်ကို ဇွန်လ ၂၃ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီကခန့်ထားတဲ့ ဒလန်အုပ်ချုပ်ရေးမှူးက သတင်းပေးတာကြောင့် ကျောင်းကုန်းကြီးရွာအနောက်စုက ရေခဲချောင်းရောင်းတဲ့ ကိုမျိုးအောင် အဖမ်းခံရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ရေခဲချောင်းရောင်းတာ ဆိုတော့ တစ်ရွာဝင် တစ်ရွာထွက်သွားလာနေရတာ၊ လက်ရှိကာလ အခြေနေအရ လွယ်အိတ်ထဲမှာ ဂျင်ဂလိဆောင်ထားတာကို အကြမ်းဖက်စစ်ကောင်စီက သိမ်းဆည်းပြီးအဖမ်းခံရတာ”။
လတ်လော ကိုမျိုးအောင်ကို ဘယ်မှာဖမ်းဆီးထားတယ်၊ ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။