မန္တလေးတိုင်း မိုးကုတ်မြို့က အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဦးကိုကိုဦးကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၂ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဦးကိုကိုဦးကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅ (က)နဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီးနောက် ရုံးချိန်းနှစ်ခါသာ ထုတ်ခဲ့ကာ ဇွန်လ ၂၂ရက် မနက်ပိုင်းမှာ တရားစစ်ပြီး ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ဆိုပါတယ်။
အမိန့်ချပြီးနောက် မိသားစုနဲ့တွေ့ခွင့်မပေးပဲ အချုပ်ကားပေါ်တင်ကာ မန္တလေးထောင်ကို ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ ဦးကိုကိုဦးနဲ့ မိသားစုတွေ့ခွင့်မရတာကြောင့် ဘာမှလုပ်ပေးလို့မရသလို စိတ်မကောင်းဖြစ်နေရုံကလွဲ မတတ်နိုင်ဘူးလို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။
မိုးကုတ်မြို့မှာ အန်အယ်လ်ဒီပါတီဝင် တက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက်စစ်အုပ်စုက လိုက်လံ ဖမ်းဆီးနေတာကြောင့် မြို့ကနေ တိမ်းရှောင်နေရပါတယ်။
မိုးကုတ်မှာ ရေပူဆရာတော်အပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြစဉ် ဖမ်းဆီးခံထားရသူ ၂၆ ဦးကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားပါတယ်။