စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့မှာ ဇွန် ၂၂ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦး တွေ့ရှိခဲ့ပါတယ်။
မော်လိုက် ပရဟိတလုပ်ကိုင်သူတစ်ဦးက “မော်လိုက်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ပိုး တွေ့ရှိတဲ့သူတွေနဲ့ ထိစပ်တဲ့ ၉ ဦးကို RDT Test Kits စစ်ဆေးတယ်၊ အဲဒီထဲက ၆ ဦး ကိုဗစ်ပိုး တွေ့ရှိတယ်။ အမျိုးသားက ၄ ဦး၊ အမျိုးသမီး ၂ ဦး ဖြစ်တယ်” လို့ ပြောပါတယ်။
မော်လိုက်မြို့မှာ ဇွန် ၂၀ ကနေ ၂၂ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်သူ ၁၉ ဦးထိရှိပြီး ကိုဗစ်ပိုးတွေ့ရှိတဲ့ အိမ်တွေကို ကန့်သတ်ထားကာ လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။