ကလေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦးတွေ့ရှိ
DVB
·
June 22, 2021

စစ်ကိုင်းကလေးမြို့မှာ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အိတ်စွပ်စင်တာမှာ ပရဟိတ လုပ်သူတစ်ဦးက “အခုညနေပိုင်း လာစစ်ဆေးတယ်၊ ကျနော်တို့ အိတ်စွပ်စင်တာမှာ RDT Test kist စစ်ဆေးတယ်။ လာစစ်ဆေးသူ ၆၁ ယောက်ရှိတယ်၊ အဲဒီထဲမှာပိုးတွေ့တာ ၂၁ ယောက်ရှိတယ်” လို့ ပြောပါတယ်။
ကလေးမြို့မှာ ဇွန် ၂၁ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဆေးရုံတက်သူ ၆၄၇ ဦးရှိပြီး ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူ ၂၇၃ ယောက်နဲ့ သေဆုံးသူ ၂၇ ဦး ရှိတယ်လို့ ကလေးမြို့ပြည်သူ့ဆေးရုံစရင်းတွေအရ သိရပါတယ်။