Home
မြန်မာသတင်း
ကနီမြို့နယ်၌ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
June 18, 2021
200217340_482362739506589_5123254937224311784_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ကျေးရွာမှာ ၃ နှစ်အရွယ် ကလေးငယ် တစ်ယောက်အပါအဝင်  ၅ ရွာသား ယောက်မှာ  ကိုဗစ်- ၁၉ ပိုး စစ်ဆေးတွေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“လေးမြေရွာ မင်္ဂလာဆောင်သွားပြီး ပြန်တာသူ ၅ ယောက်မှာ ပိုးတွေ့တာ။ အဲဒီ မင်္ဂလာဆောင်လုပ်တာကလည်း တမူးမြို့နယ် ခန်းပတ်ကနေလာပြီး မင်္ဂလာဆောင် တာကနေ ကူးတာပေါ့။ ကနီမြို့မှာသွား ဆေးစစ်ကြည့်တော့ ပိုးတွေတာ” ။

ဇွန်လ ၁၇ ရက်နေ့က လူအယောက် ၂၀ ကို ကိုဗစ်-၁၉ စစ်ဆေးကြည့်တာမှာ  ၅ ယောက်ပိုးတွေ့တာဖြစ်ပြီး အားလုံးကို ကနီမြို့နယ်ခန်းမကြီးထဲမှာထားပြီကုသပေးနေတယ်လို့ ချိုင်ကျေးရွာပြည်သူ တစ်ဦးကပြောပါတယ်။

ကနီမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ အယောက် ၂၀ ရှိခဲ့ပြီး အခု ၂၀၂၁ ခုနှစ်မှာ  အခု ၅ ယောက်  ပထမဆုံးအသုတ်တွေ့ရှိတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024