ရန်ကုန်၊ တာမွေမြို့နယ်ရဲစခန်းအနီး ဇွန်လ ၁၈ ရက် ဒီနေ့ ညနေ ၃ နာရီခွဲလောက်က ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကားတစ်စီး မီးလောင်သွားပါတယ်။
ဗညားဒလမ်းမကြီးပေါ် တာမွေရဲစခန်းနဲ့ ကြံ့ခိုင်ရေးပါတီရုံးရှိတဲ့အနားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ တာဖြစ်ပြီး စစ်ကား တစ်စီး မီးလောင်သွားကာ မီးခိုးအတော်တွေ အတော်များတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
စစ်တပ်နဲ့ ရဲတွေလုံခြုံရေးတင်းကျပ်ထားချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီရုံးရှေ့ ရပ်ထားတဲ့ စစ်ကား တစ်စီးကို ပစ်ခတ်ခံရပြီး လက်နက်ကိုင် စစ်သား ၆ ယောက်လောက် ဒဏ်ရာရသွားလို့ လူနာတင်ကားနဲ့ တင်သွားတယ်လို့လည်း အနီးနားနေသူတွေက ပြောပါတယ်။
တာမွေ ဗလီထိပ်မှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျိုက္ကဆံလမ်းမကြီးဘက်မှာလည်း လမ်းပိတ်ကာ ရဲနဲ့ စစ်တပ်တွေက လုံခြုံရေး တင်းကျပ် စစ်ဆေးနေပါတယ်။