Home
မြန်မာသတင်း
ဟုမ္မလင်း မြသိန်းတန်ဘုန်းကြီးကျောင်းကို စစ်တပ်ကဝင်စီးပြီး ဆန်အိတ် ၁၀၀ ကျော်ယူသွား
DVB
·
June 18, 2021

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ မြသိန်းတန်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၁၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ဆန်အိတ် ၁၀၀ ကျော် ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မြသိန်းတန်ဘုန်းကြီးကျောင်းကို မနေ့ညနေ ၃ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်နဲ့  ရဲ အင်အား ၅၀ လောက်နဲ့  ဝင်ရောက်စီးနင်းရှာဖွေခဲ့ ဖြစ်ပါတယ်။

ဟုမ္မလင်း ဒေခံတစ်ဦးက “ အကြမ်းဖက်စစ်တပ်က ဘုန်းကြီးကျောင်းထဲမှာ လက်နက်တွေကိုင်ပြီး ဆရာတော်ကိုရှာဖွေခဲ့တယ်။  ဆရာတော်က မနေ့ကတည်းက ကျောင်းမှာမနေတော့ဘဲ တစ်နေရာကိုရှောင်သွားတယ်။ ကျောင်းမှာရှိတဲ့ ဆန်အိတ် ၁၀၀ ကျော်ကို ယူသွားခဲ့တယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ဇွန်လ ၁၆ ရက်ကလည်း နောင်ပုကျစ်တောင်ပေါ် ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်အရှင်တေဇနိယကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မလူဝတ်လဲ ဖမ်းဆီးခဲ့သလို မြို့ခံ  နှစ်ယောက်ကိုလည်း  ဖမ်းဆီးခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024