Home
မြန်မာသတင်း
ကလေးမြို့တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး
DVB
·
June 17, 2021
202366536_798085441078519_3089687923502935399_n-1
202366536_798085441078519_3089687923502935399_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့ဆေးရုံကြီးမှာ ကိုဗစ်- ၁၉ လူနာ တစ်ယောက်  ဇွန် ၁၇ ရက် မနက်ပိုင်းက သေဆုံးခဲ့တယ်လို့ ကလေးမြို့ခံ ပရဟိတလုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။ 

အပြင်မှာသေဆုံးတာ ၆ ယောက်လို့ ကြားရပေမဲ့ အတည်ပြုလို့ မရပါဘူး။  ကလေးမြို့ ဆေးရုံမှာ အောက်ဆီဂျင်လုံလောက်မရှိပေမဲ့  ကူးစက်လူနာတွေ များလာတယ်လို့လည်း ပရဟိတလုပ်နေသူက ပြောပါတယ်။

Stay at Home ကြေညာထားတဲ့ ကလေးမြို့က ကိုဗစ်- ၁၉ စင်တာမှာ ကိုဗစ်ပိုးတွေ့လူနာ ၂၁၆ ဦး ရှိပြီး ပြည်သူ့ဆေးရုံကြီးမှာ ၈ ဦးရှိကာ  သေဆုံးသူစုစုပေါင်း အယောက် ၃၀ ကျော် ရှိပြီ လို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024