Home
မြန်မာသတင်း
အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန် ၂ သိန်းခွဲ နှစ်စဉ်ဝယ်ယူမည်
DVB
·
June 17, 2021

မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် နှစ်သိန်းခွဲကို နှစ်စဉ်ဝယ်ယူဖို့  အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသဘောတူလက်မှတ် ရေးထိုးခဲ့တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေမှာ ရေးသား ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံဟာ နိုင်ငံအတွင်းမှာ မြင့်တက်နေတဲ့ပဲဈေးနှုန်းကို ထိန်းချုပ်ဖို့နဲ့ ရာသီချိန်မှာသိုလှောင် ပမာဏလျော့နည်းနေတဲ့ ပဲပမာဏကို ဖြည့်ဆည်းနိုင်ဖို့ ခုလို အစိုးရချင်း MOUလက်မှတ်ရေးထိုးပြီး တင်သွင်းတာလို့ သိရပါတယ်။ 

အိန္ဒိယနိုင်ငံဟာ ၅ နှစ်တာ ကာလအတွင်း မာလဝီနိုင်ငံကနေ ပဲစင်းငုံ နှစ်စဉ် တန်ချိန် ငါး သောင်းကို ၅ နှစ်စာတင်သွင်းမှာ ဖြစ်ပြီး မြန်မာပြည်က  မတ်ပဲတန်ချိန်နှစ်သိန်းခွဲကို နှစ်စဉ် ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။

မတ်ပဲဈေးက ပြီးခဲ့တဲ့ ဧပြီလပိုင်းက တစ်တန်ကို ကျပ် ၈၈၀,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့ပေမဲ့ အခု ဇွန်လ ၁၇ ရက်နေ့မှာတော့ ကျပ် ၁၁သိန်းတစ်သောင်း ဝန်းကျင်ဈေး ထိမြင့်တက်နေပါတယ်။

ပဲစင်းငုံဈေးကလည်း  ပြီးခဲ့တဲ့ ဧပြီလပိုင်းက တစ်တန်ကို ကျပ် ၉၂၀,၀၀၀ ဝန်းကျင်  ရှိခဲ့ပေမဲ့ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းအရ  ဇွန်လ ၁၇ ရက်နေ့မှာ  တစ်တန်ကို၁ ၁သိန်းဝန်းကျင် ဈေးရှိပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဒီပဲတင်သွင်းမှုမှုဝါဒ အပြောင်းအလဲကြောင့် မတ်ပဲ၊ ပဲစင်းငုံ ဈေးတွေ  ဈေးဆက် ကောင်းနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပြီး လတ်တလောပြည်တွင်းမှာ မတ်ပဲက လက်ကျန်လျော့နည်းလာပေမဲ့ ရန်ကုန်ဝယ်လိုအား ဆက်ရှိနေသေးတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ 

 အဲဒီလို ဈေးကောင်းရနေပေမဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်နေတာ၊ ကွန်တိန်နာ ငှားရမ်းခ ဈေးနှုန်းတွေမြင့်တက်နေတာတွေကြောင့် အမြတ်အစွန်းရသင့်သလောက် မရတာတွေရှိတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024